မြောင်းမြမြို့အတွင်းရှိ ရပ်ကွက်များ၌  မိုးကြီးခြင်းကြောင့်ဘေးအန္တရာယ်များမကျရောက်စေရန် သတိပြုနိုင်ရေးလိုက်လံဆော်သြအသိပေး

မြောင်းမြ       ဇူလိုင်  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့အတွင်းရှိ ရပ်ကွက်များ၌မိုးကြီးခြင်းကြောင့် ဘေးအန္တရာယ် များ မကျရောက်စေရန် ရည်ရွယ်၍   မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ ထုတ်ပြန်ထားသည့် "မိုးကြီးမည့်သတိပေးချက် (၁၀/၂၀၂၆) အရ  မိုးကြီးခြင်းအန္တရာယ် ဆိုင်ရာဖြစ်ပေါ်လာပါကဆောင်ရွက်ရန်အချက်များသိရှိနိုင်စေရေးအတွက် အသိပေးဆော်သြခြင်းလုပ်ငန်းကိုယမန်နေ့ နံနက်အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုအခါ  ရပ်ကွက်များအတွင်း နေထိုင်ကြသူများအားလုံး မိုးကြီးသည့်ဘေးအန္တရာယ် များမှ သတိပြုနေထိုင်နိုင်ရေးနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အချက်များကိုမြောင်းမြ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ ဝင်များ က လိုက်လံဆော်သြအသိပေးခဲ့ကြသည်။

မြောင်းမြခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်မှုများ၊ ကြိုတင် ပြင်ဆင်မှုများအား စီမံထားကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)