သတင်းများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Jan 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလောင်စုံ ရေးသားသော"လူဆိုသည်မှာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၌  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၏ (၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်) ကျောင်းပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအား ယနေ့နံနက်( ၉) နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jan 16,2025
ကျောင်းသား/သူများအနေဖြင့် မီးဘေးအန္တရာယ်များကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့်လွယ်ကူဆုံး တုံ့ပြန်ဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေး
Jan 16,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ နတ်တလင်းမြို့ "လူငယ့်အလင်းရောင်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
Jan 16,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်ဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် ဆောက်လုပ်သော "လူငယ့်အလင်းရောင်" စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစံပြကွက်ဧက(၅၀၀)စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေး
Jan 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သာပေါင်းအုပ်စု၊ လယ်တွင်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းသီးနှံ ပဲတီစိမ်းစံပြကွက်ဧက (၅၀၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၌ အသက်(၅)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး
Jan 16,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှစတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
မောက်မယ်မြို့နယ် အ.ထ.က၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နှင်းဆီဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။