ထားဝယ်မြို့က ငါးဘာသာဂုဏ်ထူးရှင် မဆုမြတ်ကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း
Jun 24,2022
မေး။ ညီမရဲ့အမည်၊ ရရှိခဲ့သော ဂုဏ်ထူးဘာသာရပ်နှင့် သင်ကြားခဲ့ရသောကျောင်းကိုသိပါရစေ။
ဖြေ။ မင်္ဂလာပါရှင့် ကျွန်မကတော့ မဆုမြတ်ကျော်ဖြစ်ပါတယ်ရှင့်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးငါးဘာသာဖြင့် အောင်မြင်ခဲ့ပါတယ်ရှင့်။ ဂုဏ်ထူးရရှိခဲ့တဲ့ ဘာသာရပ်တွေကတော့ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒတို့ ဖြစ်ပါတယ်ရှင့်၊ ဒုတိယတန်းမှ ဒသမတန်းထိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ယူ ခဲ့ပါတယ်ရှင့်။