ထားဝယ်မြို့က ငါးဘာသာဂုဏ်ထူးရှင် မဆုမြတ်ကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း

ထားဝယ် ဇွန် ၂၄

မေး။ ညီမရဲ့အမည်၊ ရရှိခဲ့သော ဂုဏ်ထူးဘာသာရပ်နှင့် သင်ကြားခဲ့ရသော‌ကျောင်းကိုသိပါရစေ။

ဖြေ။ မင်္ဂလာပါရှင့် ကျွန်မကတော့ မဆုမြတ်ကျော်ဖြစ်ပါတယ်ရှင့်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲတွင် ဂုဏ်ထူးငါးဘာသာဖြင့် အောင်မြင်ခဲ့ပါတယ်ရှင့်။ ဂုဏ်ထူးရရှိခဲ့တဲ့ ဘာသာရပ်တွေကတော့ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒတို့ ဖြစ်ပါတယ်ရှင့်၊ ဒုတိယတန်းမှ ဒသမတန်းထိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ယူ ခဲ့ပါတယ်ရှင့်။

မေး။ ငါးဘာသာဂုဏ်ထူးရရှိအောင် ကြိုးစားပြင်ဆင်ခဲ့ရမှုကိုသိပါရစေ။

ဖြေ။ နေ့စဉ်စာပုံမှန်လေ့လာပါတယ်ရှင့်။ တစ်နေ့သင်ကြားခဲ့ရသောစာများကို မိဘများက သေချာစစ်ပေးပါတယ်။ ဘာသာရပ်အလိုက် နားမလည်တာတွေကို သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေကို ပြန်လည်မေးမြန်းပါတယ်ရှင့်။ အတန်းစာတွေကို သေသေချာချာ အာရုံစူးစိုက်ပြီး နားထောင်ပါတယ်ရှင့်။ မိဘဆရာတွေရဲ့ သင်ကြားဆုံးမမှုတွေနဲ့ ပံ့ပိုးကူညီမှုတွေလည်းပါ ပါတယ်ရှင့်။ ငယ်ငယ်ကတည်းက အစ်ကိုကြီး၊ အစ်မကြီးတွေရဲ့ ကျောင်းဂုဏ်ဆောင်ပေးမှုတွေကို လေးစားအတုယူပြီး အားကျခဲ့ပါတယ်ရှင့်။ အစ်ကိုကြီး၊ အစ်မကြီးတွေကို စံနမူနာထားခဲ့ပြီး ကြိုးစားခဲ့ပါတယ်ရှင့်။ ကိုယ့်ကျောင်းအတွက် ကျောင်းဂုဏ်ဆောင်တစ်ယောက်ဖြစ်ခွင့်ရတာ အတိုင်းမသိဝမ်းသာမိပါတယ်ရှင့်။

မေး။ ညီမရဲ့အနာဂတ်မျှော်မှန်းချက်ကိုလည်း ပြောပြပေးပါ။

ဖြေ။ ရည်မှန်းချက်ကတော့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ပါတယ်ရှင့်။ အနာဂတ်မှာ နိုင်ငံနဲ့လူမျိုးအပေါ် အကျိုးပြုနိုင်တဲ့ သူဖြစ်ဖို့မျှော်လင့်ပါတယ်ရှင့်။

မေး။ မျိုးဆက်သစ်ကျောင်းသား/သူများကို အကြံပြုတိုက်တွန်းချက်စကားများ ပြောပြပေးစေလိုပါတယ်။

ဖြေ။ မောင်လေး၊ ညီမလေးတွေအတွက်ကတော့ ပညာသင်‌ယူတဲ့အရွယ်မှာ ပညာကိုကြိုးစားရှာဖွေကြပါ ပညာဟူသော အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်တဲ့ မြတ်ရွှေအိုးကြီးကို အသုံးချပြီးနိုင်ငံနဲ့လူမျိုးအတွက် အကျိုးပြုနိုင်တဲ့ မျိုးဆက်သစ်လူငယ်‌တွေဖြစ်ကြပါစေ။ ခုလိုမေးမြန်းပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

တွေ့ဆုံမေးမြန်း-ကေကေအယ်လ်