အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jun 24,2022
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲအား ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် မူးယစ်ဆေးဝါးအကြောင်းအရာများနှင့်ပတ်သက်၍ ဗဟုသုတများရရှိတိုးပွားလာစေရေး မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအား မှတ်သားသိရှိပြီး လိုက်နာရှောင်းရှားနိုင်စေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ကျင်းပကြောင်း သိရသည်။