သတင်းများ

မြောက်ဦးမြို့နယ်တွင် သစ်စိမ်းမြေဩဇာထယ်မှောက် ထည့်သွင်းနည်း ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်
Jun 24,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌  ၂၀၂၂-၂၀၂၃ ခုနှစ် ၊ မြောက်ဦးမြို့နယ်အတွင်း ဓာတ်မြေဩဇာသုံး စွဲမှုလျှော့ချပြီး တောင်သူဝင်ငွေတိုးတက်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပြီး ထယ်မှောက်ထည့်သွင်းခြင်း ကွင်းဆင်းသရုပ်ပြပွဲအား ယမန်နေ့က မြောင်းဘွေကျေးရွာ၊ တောင်သူဦးရန်ကင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၂၈၆)စောင်အား အခမဲ့ ဖြန့်ဝေ
Jun 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၂၈၆) စောင်အား ကျောင်းသား/သူများ၊ ဆရာ/မများ၊ ပြည်သူများသို့ ယနေ့နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်
Jun 24,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ Community Centre လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ၂၀၂၂ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပသည်။
မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jun 24,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 24,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့်  ယနေ့ နံနက် ၉ နာရီ အချိန်က ကြက်ဈေးရပ်ကွက်သို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ  ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေအား မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အိမ်တိုင်းရာရောက် လိုက်လံပေးအပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ မျိုးဆက်ပွားကျန်းမာရေး သင်တန်းဖွင့်လှစ်
Jun 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)တို့ပူးပေါင်းပြီး
ကရသူရိမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်လွဲ (၂) နာရီက မြို့ပေါ်ရပ်ကွက်များ၊ အခြေခံပညာကျောင်းနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။