ကြာအင်းဆိပ်ကြီး ဇွန် ၂၄
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲအား ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် မူးယစ်ဆေးဝါးအကြောင်းအရာများနှင့်ပတ်သက်၍ ဗဟုသုတများရရှိတိုးပွားလာစေရေး မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအား မှတ်သားသိရှိပြီး လိုက်နာရှောင်းရှားနိုင်စေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ကျင်းပကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဒေါ်နှင်းကြည်က ကျောင်းသား၊ ကျောင်းသူ ကလေးလူငယ်များအား မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးများ စတင်ဝင်ရောက်လာခဲ့မှုအကြောင်းအရာများ မူယစ်ဆေးဝါးအမျိုးအမည်များ မူးယစ်ဆေးဝါးအလွဲသုံးမှုဖြင့် ရရှိခံစားလာနိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ယိုယွင်းပျက်စီးပြီး အသက်အန္တရာယ်ရှုံးဆုံးနိုင်သည်အထိ ဆိုးကျိုးအန္တရာယ်ကြီးမားကြောင်း မူးယစ်ဆေးဝါးအား လက်ဝယ်ထားရှိမှုနှင့် တရားမဝင်သယ်ဆောင်ရောင်းချခြင်းဖြင့် ဖမ်းဆီး အရေးယူခံရမှု ဥပဒေပြဋ္ဌာန်းချက် ပြစ်မှုပြစ်ဒဏ်များနှင့် လူညွှန့်တုံး၍ဘဝရှုံးဆုံးနိုင်သည့် မူးယစ်ဆေးဝါးများအား ရှောင်းရှားနိုင်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ် များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းဌာနအတွင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် အဆိုပါဌာနရှိ ဝန်ထမ်းများက မူးယစ်ဆေးဝါးဆိုက်ရာများနှင့် ပတ်သက်သည့် စာအုပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများအား ခင်းကျင်းပြသပြီး ကျောင်းသား၊ ကျောင်းသူများ သိလိုသည်များအား ဝန်ထမ်းများက ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး