သိန္နီ ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများကို အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများရာနှုန်း ပြည့်ထိုးနှံပြီးစီးရေးအတွက် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ကျန်းမာပျော်ရွင်သော စာသင်ခန်းမများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့အတွက် သိန္နီမြို့နယ် အခြေခံပညာကျောင်းများတွင် ကိုဗစ်−၁၉ ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ (၁၂)နှစ် အထိ ကလေးငယ်များအား ရာနှုန်းပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းနေအရွယ်ကလေးများ ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းအစီအစဉ်ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ရာ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်း၊ အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ဖို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုင်းဘုတ်အား စိုက်ထူ၍ အသိပညာပေးဆောင် ရွက်လျက်ရှိသည်။ သိန္နီမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကိုဗစ်−၁၉ ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ရာနှုန်းပြည့် ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း၊ ဆက်လက်၍ အသက် (၅)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ရယူ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးထံမှ သိရသည်။
စောဉမ္မာ(သိန္နီ)