ဝမ်းတွင်းမြို့နယ်ရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဝမ်းတွင်း ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းကအမှတ်(၂)မူလွန်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် “ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့” ဆောင်ပုဒ်နှင့်အညီအသက် (၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသားကျေင်းသူများအားလုံးကို ကာကွယ်ဆေးများထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရပြီး အမှတ် (၂)မူလွန်ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအနေဖြင့် ကျောင်းသားကျောင်းသူ(၃၈၀)ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါအသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာ တွင် သက်ဆိုင်ရာမိဘများရဲ့ခွင့်ပြုချက်များရယူကာ ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု အလျင် အမြန်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးဦးမှ ဦးဆောင်၍ အခြေခံ ပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)