ပေါင်းတည်မြို့နယ်၌ မိုးရာသီ တိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြ စိုက်ပျိုး
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက သဖန်းပင်ဆိပ်အုပ်စု သပြေကုန်းကျေးရွာရှိ တောင်သူ ဦးကျော်နိုင်၏ မြေ ၁ ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။