သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံကောလိပ် ပညာရေး အဆောက်အဦးများ ဆောက်လုပ်နေမှု၊ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လိုက်လံကြည့် ရှုအားပေးခြင်းနှင့် မြို့မိ၊ မြို့ဖများ၊ ဒေသခံ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆ
Jun 24,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၂၂)ရက် နံနက် ပိုင်းတွင် ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံကောလိပ်သို့ ရောက်ရှိရာ အဆောက်အဦးအထူးအဖွဲ့(၆)မှ တာဝန်ခံအင်ဂျင်နီယာက ကျောင်းဆောင်အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ တည်ဆောက်နေမှုများအား ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာ ကြီးက ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ၊ ကျောင်းသား၊ ဆရာအင်အား လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။ 
ကမာရွတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Jun 24,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နံနက် ၁၀ နာရီက အ​ခြေခံပညာအထက်တန်း အမှတ် (၂) သရဖီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့အထက(၁)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကား လက်ကမ်းစာစောင်များကို အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း၌ ပင်လုံမြို့ရုံးဝန်ထမ်းများက ယနေ့နေ့လယ်(၁)နာရီက ဖြန့်ဝေခဲ့ကြသည်။
မိုင်းနောင်မြို့ အထကကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Jun 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်အတွင်း နေထိုင်နိုင်ရေး၊ပိုးလောက်လန်းများ ကိန်းအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခတ်ခြင်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန် ၂၄ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဖားဆောင်းမြို့နယ်၌ စာ​​ပေချစ်သူများ စာဖတ်ဝိုင်း ကျင်းပ
Jun 24,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာ​​ပေချစ်သူများမှ စာ​ရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် အရည်အချင်းများဆီသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယ​နေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ပြုလုပ်ခဲ့သည်။
ကျေးသီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jun 24,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလွင်၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးလူလှနှင့်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများနှင့် ပြည်သူများအားဖြန့်ဝေပေးခဲ့ကြသည်။
မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jun 24,2022
၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ  တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် မူးယစ် ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ​မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နေ့လည် ၁ နာရီအချိန်က ကျင်းပဆောင်ရွက်သည်။