ဖြူး ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူစားသုံးသည့် မုန့်ပဲသွားရည်စာများရောင်းချသည့် ကျောင်းမုန့်ဈေးတန်းများအား ကျန်းမာရေးနှင့်ညီညွတ်စွာရောင်းချမှု ရှိ/မရှိ အခြေအနေများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအပါအဝင် ဖြူးမြို့ပေါ်ကျောင်းများတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများက မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် အထက်တန်းကျောင်းအုပ်ကြီးများလိုက်ပါ၍ ရောင်းချသည့်အချိုရည်များ၊ မုန့်ထုပ်များ အမှတ်တံဆိပ်ရှိ/မရှိ၊ ထုတ်လုပ်ခွင့်လိုင်စင်၊ ကုန်အညွှန်းအမှတ်အသား ရှိ/မရှိ၊ လက်လုပ်မုန့်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိနှင့် အသုပ်များရောင်းချရာတွင် ယင်လုံစွာ ရောင်းချမှု ရှိ/မရှိ အခြေအနေများအား စစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)