သတင်းများ

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲ ကျင်းပ
Jun 25,2022
ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြ ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အ.ထ.က(ခွဲ)ညိုပင်၌ ကျင်းပသည်။
ဗန်းမော်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Jun 25,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်၊ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။  
ဗိုလ်တထောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး “သတင်းစကား” လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jun 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန် ၂၆ ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး "သတင်းစကား” လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများ၌ ယမန်နေ့က ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ဒေဒေါင်းထွန်စက်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ နိုင်ငံတော်မှ (၅၀)ရာခိုင်နှုန်းကျခံပြီး Smart Village ကျေးရွာများသို့ ဒေဒေါင်းထွန်စက်များ ‌ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီ အချိန်က ကျောင်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည်။
မိုင်းနောင်မြို့ အထကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Jun 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းအတွင်းရှိ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 25,2022
မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းက ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း‌နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်များပြသ
Jun 25,2022
၂၀၂၂ ခုနှစ်၊ ယနေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။