ကျိုက္ခမီမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းပြုပြင်ရန် ထောက်ပံ့လှူဒါန်းငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ် ဇွန် ၂၄

မွန်ပြည်နယ်၊ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကျိုက္ခမီမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း ​ပြုပြင်ရန်ထောက်ပံလှူဒါန်း ငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျိုက္ခမီမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျိုက္ခမီမြို့ မူလတန်းကြိုကျောင်း၏ ကြမ်းခင်းပြုပြင်ရန် ဆောင်ရွက်မည့်အခြေအနေ၊ မူလတန်းကြိုကျောင်းစတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ယခုပြုပြင်ရန်လိုအပ်သည့် မူလတန်းကြိုကျောင်း၏ ကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလ အတွင်းညွန်ကြားချက်နှင့်အညီ အချိန်မှီပြီးစီးနိုင်ရေး ရှင်းလင်းပြေကြားသည်။

ထို့နောက် မူလတန်းကြိုကျောင်း၏ ကြမ်းခင်းပြုပြင်ရန်အတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်း (ဗဟို)မှထောက်ပံ့ လှူဒါန်းသည့် အလှူငွေကျပ် (၉၁၇၇၃၀၀)ကို မွန်ပြည်နယ် မိခင်နှင့်ကလေးစောက်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးမှပေးအပ်ရာ ကျိုက္ခမီမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ နော်အိကေသွယ်ထူးနှင့် မူလတန်းကြိုကျောင်းမှ ကော်မတီဝင်များက လက်ခံရယူသည်။

ဆက်လက်၍ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များအား အဟာရကျွေးမွေးနေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)