သတင်းများ

မန်တုံမြို့နယ် ၌ မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုး
Jun 27,2022
၂၀၂၂ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ မန်တုံမြို့နယ်၊ လွယ်ကန်(၂)ကျေးရွာ၊ တောင်သူဦးထွန်းမြိုင်၏ယာမြေ၌ ဇွန်လ(၂၄)ရက်နေ့က မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများကဦးဆောင်ပြီး မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာ(၁)ဧက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများထောက်ပံ့ပေးအပ်ပြီး သရုပ်ပြစိုက်ပျိုး
Jun 27,2022
မလှိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် နေဗီယာမြက်မျိုးများ ထောက်ပံ့ပေးအပ်ပြီး သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရုံးပင်စောက်ကျေးရွာအုပ်စု၊ လိပ်ခွဲကျေးရွာ တောင်သူဦးအောင်ဝင်းလှိုင်၏ယာမြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ဒီရေတောသစ်ပင် စုပေါင်းစိုက်ပျိုးပွဲတော်ကျင်းပ
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒီရေတော သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အဏ္ဏဝါချောင်းဘေး လတာပြင်တွင် ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ်ဆောင်ရွက်
Jun 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဝန်ထမ်းသား/သမီများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့်
မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး
Jun 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့် ဒေသခံပြည်သူများအား Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ဆီဆုံရပ်ကွက်ရှိ မောက်စံဘုန်းတော်ကြီးကျောင်းဇရပ် ကာကွယ်ဆေးထိုး စုရပ်တွင်ထိုးနှံပေးကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉​ရောဂါ ကာ​ကွယ်​ရေး အသိပညာ​ပေးခြင်းနှင့် Mask Campaign ပြုလုပ်
Jun 27,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၉)ရပ်ကွက် ကမ္ဘာ​​အေးဘုရားလမ်းရှိ ကမ္ဘာ​အေး​စျေး၌ ယ​နေ့နံနက် ၈:၀၀ နာရီအချိန်က မိဘပြည်သူများသို့ ကိုဗစ်-၁၉​ ရောဂါ ကာ​ကွယ်​ရေး အသိပညာ​ပေးခြင်းနှင့် Mask Campign ပြုလုပ်​ဆောင်ရွက်ခဲ့သည်။
ချောင်းဆုံမြို့နယ်သို့ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဒေါက်တာအရှင်ဝိစိတ္တသာရ အပူဇော်ခံလာရောက်
Jun 27,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွှေမြင့်မိုရ်တောင်ကျောင်း ကိုးခန်းကြီးဘုရားတွင် ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်က ပေါင်မြို့နယ် နတ်မှော်ကျေးရွာအုပ်စု ဓါတ်တော်ကုန်းကျေးရွာ စမ္ပာနဂိုရ်ဓါတ်တော်နန်းဦးကျောင်း ပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ အရှင်ဝိစိတ္တသာရ Ph. D(Classical Archeology) သည် အပူဇော်ခံရောက်ရှိခဲ့ရာ မြို့နယ်တွင် ကျေးရွာအချို့မှ ပြည်သူများဖူးမြော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့ပေါ် အမှတ်(၃)ရပ်ကွက်၊ ရန်အောင်မြင်လမ်း မျက်နှာချင်းဆိုင် အိမ်များ အိမ်စိတစ်လျှောက်၊ ကန္နားလမ်းမတစ်လျှောက် နေအိမ်များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားခြင် ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။