ချောင်းဆုံ ဇွန် ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွှေမြင့်မိုရ်တောင်ကျောင်း ကိုးခန်းကြီးဘုရားတွင် ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်က ပေါင်မြို့နယ် နတ်မှော်ကျေးရွာအုပ်စု ဓါတ်တော်ကုန်းကျေးရွာ စမ္ပာနဂိုရ်ဓါတ်တော်နန်းဦးကျောင်း ပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ အရှင်ဝိစိတ္တသာရ Ph. D(Classical Archeology) သည် အပူဇော်ခံရောက်ရှိခဲ့ရာ မြို့နယ်တွင် ကျေးရွာအချို့မှ ပြည်သူများဖူးမြော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆရာတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်နေပြည်သူ (၂၀၀၀) ဦးခန့် သွားရောက်ဖူးမြော်ကာ အလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဆရာတော်မှလာရောက်ဖူးမြော် လှူဒါန်းသူများအား အန္တရာယ်ကင်းပရိတ်ကြိုးများ ပြန်လည်ပေးဆောင်ခဲ့ကာ ဆုံးမတရားတော်များ ဟောကြားခဲ့ပြီး လာရောက်သူများအား စတုတီဿာများဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)