နောင်ချိုမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ်ဆောင်ရွက်

နောင်ချို  ဇွန်  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဝန်ထမ်းသား/သမီများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်ကအဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည် တိုးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ သူများအား ဂုဏ်ပြုချီးကျူးစကားများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများ နှင့်အတူ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၃)ဘာသာဂုဏ်ထူးဆုရကျောင်းသူ(၁)ဦးနှင့် (၁)ဘာသာဂုဏ်ထူးဆုရ ကျောင်းသူ(၂)ဦးအားဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၀)ဦး၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၁၉)ဦး စုစုပေါင်း(၃၄)ဦးအား ကျောင်းအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)