သာပေါင်း ဇွန်၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့ပေါ် အမှတ်(၃)ရပ်ကွက်၊ ရန်အောင်မြင်လမ်း မျက်နှာချင်းဆိုင် အိမ်များ အိမ်စိတစ်လျှောက်၊ ကန္နားလမ်းမတစ်လျှောက် နေအိမ် များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားခြင် ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃)အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ကျန်းမာရေးဌာနမှ ဦးရဲဇော်ထွန်း PS၊ ဒေါ်မေဒေးဝင်း MW၊ ဒေါ်ပြည်ဖြိုးလှိုင် PHs 2 ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ၊ Volunteer တို့က နေအိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/ မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှုမရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)