သတင်းများ

ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jun 27,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးနေ့ ဗိုလ်လုပွဲယှဉ်ပြိုင်မှုနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများ၊ အုပ်ချုပ်သူများနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဘော်လီဘောဝါသနာရှင်များ တက်ရောက်ကြသည်။
မင်းလှမြို့နယ်တွင် မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌နေ၍ အထွက်နှုန်းတိုးနိုင်
Jun 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးသော မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌နေ၍ အထွက်နူန်းတိုးနိုင်ပြီး အမြတ်ငွေများရရှိနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ဟိုပန်၌ ကျင်းပ
Jun 27,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ အခြေခံပညာအထက်ကျောင်း၊ စောမဟာခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
တန်ဖိုးမြှင့် စား​သောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ၁/၂၀၂၂ ဖွင့်ပွဲ ကျင်းပ
Jun 27,2022
သမဝါယမနှင့်​ ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ၁/၂၀၂၂ ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့ နံနက် ၁၀ နာရီချိန်​ ရွှေဘိုမြို့နယ် သမဝါယမအသင်းစုခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။            
တပ်ကုန်းမြို့၌ တိုင်းရင်းဆေးပညာနှင့်သွေးတိုးရောဂါအကြောင်း အသိပညာပေး ( Talk Show ) ဆောင်ရွက်
Jun 27,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍  ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရန် တိုင်းရင်းဆေးပညာနှင့်သွေးတိုးရောဂါအကြောင်း
မယ်စဲ့မြို့နယ်၌ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု(GBV)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Jun 27,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု(GBV)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မယ်စဲ့မြို့အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training) (၃/၂၀၂၂)အဖြစ် စား​သောက်ကုန်အမျိုးမျိုး ထုတ်လုပ်နည်း (သီးနှံ) သင်တန်းဆင်းပွဲ ကျင်းပ
Jun 27,2022
မကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎​ရေနံနှင့် သဘာဝဓာတ်‎​ငွေ့လုပ်ငန်း၊​ ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူ ပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Gold petrol ကုမ္ပဏီနှင့် အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training) (၃/ ၂၀၂၂) အဖြစ် သီးနှံ သစ်သီးဝလံ အ​ခြေခံတန်ဖိုးမြှင့် စား​သောက်ကုန်​ ဖျော်ရည် နှင့်ယို အမျိုးမျိုးပြုလုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယ​နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၂)လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော
Jun 27,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။