မောက်မယ် ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့် ဒေသခံပြည်သူများအား Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ဆီဆုံရပ်ကွက်ရှိ မောက်စံဘုန်းတော်ကြီးကျောင်းဇရပ် ကာကွယ်ဆေးထိုး စုရပ်တွင်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ထိုးနှံပေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster Dose အဖြစ် COVAXIN ကိုဗစ်ကာကွယ်ဆေး အားဆေးတစ်လုံးလျင် ဆယ့်တစ်ယောက်နှုန်းဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)