မရမ်းကုန်း ဇွန် ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၉)ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ ကမ္ဘာအေးစျေး၌ ယနေ့နံနက် ၈:၀၀ နာရီအချိန်က မိဘပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask Campign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ဆောင်ရွက်ခဲ့ပြီး မိဘပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် စနစ်တကျ နှာခေါင်စည်း တပ်ဆင်ရေး၊ လက်ကိုမကြာခဏဆေးရေးအစရှိသည့် အသိပညာပေးပြောကြားခြင်းများနှင့် နှာခေါင်းစည်း(mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးအေးအောင်