သတင်းများ

အ-ထ-က (ရွှေသောင်ယံ)တွင် အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထက(ရွှေသောင်ယံ)တွင် ယမန်နေ့နံနက်(၉) နာရီက အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာ မြို့ပေါ်ရပ်ကွက်များရှိ မူလတန်းကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူလေးများ လာရောက်ထိုးနှံခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဖြတ်စခန်းများမှ ဦးဆောင်ကျင်းပသည့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေးချီးမြှင့်
Jun 28,2022
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနား မြို့နယ်အတွင်းရှိ လူငယ်ပြုစု ပျိုးထောင်ရေးနှင့် မူးယစ်ဆေးဖြတ်စခန်း (၇)ခုမှ ဦးဆောင်ကျင်းပသည့် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၂၆ ရက်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
တကောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 28,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာသန်းစော (စီပီအေ) ရေးသားသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းတွင် ကျောင်းသား မိဘများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ် လျက်ရှိသော အမှတ်(၃)ရပ်ကွက်၊ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်များ၏ သင်ယူလေ့လာ နိုင်စွမ်းနှင့် ကာယ၊ ဉာဏ ဖွံဖြိုးတိုးတက်စေရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ (၁)နာရီက မိဘ အုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေး ဆက်လက်ထိုးနှံ​
Jun 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန် နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်နေပြည်သူ များအား Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီထိ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁၉,၀၈၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊
ဖျာပုံမြို့နယ် လိပ်ဥကုန်းဘုန်းတော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီးတရားစခန်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသဆောင်ရွက်
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများသည် အမှတ်(၁၇)ရပ်ကွက်ရှိ လိပ်ဥကုန်းဘုန်း တော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီးရှိဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အဘိုးအဘွားများအား