ထီးချိုင့် ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁၂)အချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ပါသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့ခိုင်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာမဒေါ်အိအိခိုင်မှ မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးများ၏လူမှုဘဝနေထိုင်မှုနှင့်တန်းတူအခွင့်အရေးလုပ်ဆောင်မှုစွမ်းရည်များအကြောင်း၊ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် အမျိုးသမီးများအတွက် ခွန်အားဖြစ်စေမည့် အမှတ်တရစကားများကို ပြောကြားသွားကြောင်း သိရပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများအား အသိပညာပေး Talk Showများကို Onlineမှတစ်ဆင့် လွှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)