လားရှိုး ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရှိသင်တန်းခန်းမတွင် ယနေ့ နံနက် (၁၀) နာရီခွဲ အချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများအား လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်ပြီး လားရှိုးခရိုင် / မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ပါဝင်ပူးပေါင်းခဲ့ပြီး လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ စုစုပေါင်းကျောင်း(၁၀) ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဆုပေးပွဲအခမ်းအနား၌ လားရှိုးခရိုင် အမျိုးသမီးရးရာအဖွဲ့ဝင် ဒေါ်နန်းခမ်းယဉ်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်စာတမ်းကို ဖတ်ကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဘက်ပြည်နယ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲစည်းကမ်း ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဘက်ပြည်နယ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်၊ လားရှိုးမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမွန်နှင့် တာဝန်ရှိသူများက ဆုများကို ပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)