တန်ဖိုးမြှင့်စား​သောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ၁/၂၀၂၂ ဆင်းပွဲ ကျင်းပ

ရွှေဘို ဇူလိုင် ၃

သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း ၁/၂၀၂၂ဆင်းပွဲခမ်းအနားကို ယ​နေ့နံနက်၁၀နာရီချိန်​ရွှေဘိုမြို့နယ် သမဝါယမအသင်းစုခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။            

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှုးဦး​အောင်မြင့်က အဖွင့်အမှာစကား​ပြောကြားရာ၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေတိုးပွားလာခြင်း၊ အလုပ် အကိုင်အခွင့်လမ်းများ ရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေးများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့​ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​​စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်​ထောက်ညွန်ကြား​ရေးမှူး ဦးမျိုးထက်မောင်က​၊သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ​ပေးအပ်ခဲ့ပြီး၊ သင်တန်းသားတစ်ဦးကမုန့်လုပ်နည်းများ အခမဲ့သင်ကြား​ပေးသည့်အပြင် မိသားစုတစ်ပိုင် တစ်နိုင်ဖြစ်​စေ၊ အသင်း၊အဖွဲ့အစည်းအစုအဖွဲ့ဖြစ်​စေ၊ အ​သေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းမှတ်ပုံတင်ပြီး၊ လုပ်ငန်းရှင်တစ်ဦးဖြစ်လာသည်အထိ ဆက်လက်ကူညီပံ့ပိုး​ဆောင်ရွက်​ပေးမည်ဖြစ်​ကြောင်း သိရသည့်အတွက် အထူး​ကျေးဇူးတင်​ကြောင်း​ ပြောကြားခဲ့ပြီး စု​ပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့​ကြောင်း သိရသည်။

ဤဦးစီးဌာနအ​နေဖြင့်တန်ဖိုးမြှင့်စား​သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း၊  အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံသံဂဟေဆက်သင်တန်း၊အ​ခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းနှင့် ဝါးလက်မှုထည်ထုတ်လုပ်သင်တန်းများကို အခမဲ့ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာ/ဆရာမ(၃)ဦးတို့က ကိတ်မုန့်အမျိုးမျိုးနှင့်မုန့် အမျိုးမျိုးပြုလုပ်ခြင်းများကိုစာ​တွေ့လက်​တွေ့သင်ကြားခဲ့ပြီး သင်တန်းတက်​ရောက်သူ(၂၀)ဦး ရှိပြီး (၂၇.၆.၂၀၂၂)မှ(၃.၇.၂၀၂၂)ရက်​​နေ့ထိဖြစ်​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)