ကော့ကရိတ် ဇူလိုင် ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပွဲတော်ကို အမှတ်(၇)ရပ်ကွက်ရှိ အမက(၂၀)မူလတန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပွဲအခမ်းအနားတွင် အမှတ်တရပျိုးပင်များပေးအပ်ခြင်းကို ကော့ကရိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ် ယဉ်ခိုင်မှ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်နှင့် မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်တို့အားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးစောအောင်အောင်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်တို့အားလည်းကောင်း ပျိုးပင်များပေးအပ်ခဲ့ကြသည်။
ထိုနောက် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ကော့ကရိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနွယ်နှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောက်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မြို့နယ်မိသားစုစည်းကမ်းထိန်း သိမ်းရေးကော်မတီဝင်များ၊ ဆရာဆရာမများက သတ်မှတ်ထားသည့်နေရာများတွင် မဟောဂနီ၊ မန်ဂျန်ရှားပင်၊ ပျဉ်းကတိုးသစ်ပင် စုစုပေါင်း(၂၀၀)တို့ကိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)