ရွှေဘို ဇူလှိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲကအထက(၁) ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ခရိုင်ရဲတပ်ဖွဲ့မှူး၊ မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိူးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်မဥ္ဇူဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာန အကြီးအကဲနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် တမာပင်(၅၀၀)စိုက်ပျိုးခဲ့ကြောင်း ဆက်လက်၍ အညာတမာလွှမ်းစေရမည့်ဆောင်ပုဒ်နှင့်အညီ တမာပင် (၃၀၀၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်