မိုင်းဆတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပွား

မိုင်းဆတ် ဇူလိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဇွန် ၃၀ ရက် နံနက်ပိုင်းမှစ၍ မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိသဖြင့် တောင်ကျရေများစီးဝင်ခဲ့ရာ ယမန်နေ့ ညနေ နာရီခန့်က မယ်ဆွမ်မြောက် (ကွက်သစ်) ရပ်ကွက်အတွင်းရှိ မြေနိမ့်ပိုင်းနေရာများဖြစ်သော ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနရုံးနှင့် ခရိုင်သဘာဝပတ်ဝန်းကျင်ဉီးစီးဌာနရုံး အဆောက်အဉီနှင့် ရုံးဝင်းအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေများသည် ယနေ့နံနက်ပိုင်းအထိ ကျဆင်းသွားခြင်းမရှိသေးဘဲ တောင်ကျရေများထပ်မံ စီးဆင်းဝင်ရောက်လျက်ရှိကြောင်း၊ ရေဝင်ရောက်မှုများကြောင့် တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှု မရှိကြောင်းနှင့် ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်းယဉ်