လှိုင်းဘွဲ ဇူလိုင် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့(က)ရပ်ကွက်တွင် လမ်းများပျက်ဆီးခြင်းမရှိစေရန်အတွက် လမ်းဘေးနံရံနှစ်ဖက်ကျောက်ကြီးစီပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းဘေးနံရံနှစ်ဖက်ကျောက်ကြီးစီပြုလုပ်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၂၉.၉၈၀)ကျပ်သန်းဖြင့် (က)ရပ်ကွက် အမှတ်(၆) အခြေခံပညာမူလွန်ကျောင်းရှေ့လမ်းတွင် ကျောက်ကြီးစီနံရံနှစ်ဖက် အရှည်(၂၀၆)ပေ၊အကျယ်(၂)ပေ၊ အထူ(၄)ပေနှင့် ခွင့်ပြုရန်ပုံငွေ(၃၈.၇၉၀)ကျပ်သန်းဖြင့် (က)ရပ်ကွက် ပိတောက်လမ်းတွင် အရှည်(၃၀၀)ပေ၊ အကျယ်(၂)ပေနှင့် အထူ(၄)ပေတို့ဖြင့် လမ်းဘေးနံရံပျက်ဆီးမှုမရှိစေရန်အတွက် ကျောက် ကြီးစီနံရံနှစ်ဖက် ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောဒိ( ပြန် / ဆက်)