နမ့်ဆန် ဇူလိုင် ၅
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မြို့နယ်ပညာရေးမှူးရုံးတွင် ဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အခမ်းအနားကို မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလအမှူးပြုသော ဆရာတော်/ သံဃာတော် (၅)ပါးမှ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ဝန်ထမ်းများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းများ၊ ဝတ္ထုငွေနှင့် ကန်တော့ပွဲတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် အရှင်သုဝဏ္ဏမှ အနုမောဒနာတရားချီးမြှင့်ခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ခြင်းများကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)