စမ်းချောင်း ဇူလိုင် ၅
ပြည်သူများ ခြင်မှတဆင့်ကူးစက်တတ်သော သွေးလွန်တုက်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်း(တောင်)၊ ကျွန်းတော(တောင်)၊ စမ်းချောင်း(တောင်) ရပ်ကွက်များတွင် ယမန်နေ့ နံနက် ၁၀ နာရီက ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ လူနေအိမ်များအတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေဝပ်သော နေရာများ၊ ရေကန်များ၊ ရေအိုးများအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ငြိမ်းချမ်းဝင်း