၀န်ကြီးချုပ်ဖလား (ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ် အောက်) အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၆

မန္တ‌‌လေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈x၇၃ လမ်းကြားရှိ မန္တလာသီရိဘောလုံးကွင်းအတွင်း Multipurpose အားကစားရုံတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက်) အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့‌သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ သံယံဇာတ‌ရေးရာဝန်ကြီး ဦးမျိုးအောင်၊ လူမှုရေးဝန်ကြီးဦးယဉ်ထွေး၊ စည်ပင်သာယာရေးဝန်ကြီး=ဦးကျော်ဆန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ အားကစားသမား အမျိုးသား/ အမျိုးသမီးအင်အား (၁၀၀)ဦးခန့်၊ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီးနောက် အားစကားပစ္စည်းများအားပေးအပ်ခဲ့ရာ တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ၀န်ကြီးချုပ်သည် ပြိုင်ပွဲ၀င်အားကစားသမားများအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်စိမ်း၀င်း (မြို့နယ်၊ ပြန်/ဆက်)