သတင်းများ

သုံးခွမြို့နယ်တွင် ကျောင်းသား/သူ(၂၁၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်စတင်ထိုးနှံ
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးခြင်းကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့၌  မြို့ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်နေသည့် ဖောင်ရွာ၊ တောင်နံ့သာ၊ ဌက္ကတောင် လမ်းပိုင်းအား ကတ္တရာခင်းခြင်းများစတင်ဆောင်ရွက်
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် ဖောင်ရွာ၊ တောင်နံ့သာ၊ ဌက္ကတောင်လမ်းပိုင်းအား ကတ္တရာခင်းခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူပြီး ကတ္တရာခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ် အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်
Jul 06,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက်
ဖား​ဆောင်းမြို့နယ် ဝမ်​အောင်းကယား​ကျေးရွာ၌ ​ကျောင်းကျန်းမာ​ရေးအသိပညာ​ပေး ဟော​ပြောပွဲပြုလုပ်
Jul 06,2022
ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ဝမ်​အောင်းကယား​ကျေးရွာ အလယ်တန်း​ကျောင်း၌ ယမန်​နေ့က မြို့နယ်ကျန်းမာ​ရေးဌာနနှင့် ပညာ​ရေး ဌာနတို့ ပူး​ပေါင်းပြီး ​ကျောင်းသား၊​ ကျောင်းသူများ​ ကျန်းမာ​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ ​ကျောင်းကျန်းမာ​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် အခြင်အတွယ်၊ အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရေး ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေး
Jul 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အခြင်အတွယ်နှင့် အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးရာသီစိုက် နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုအား ကွင်းဆင်းကြည့်ရှု
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးသည့် ချောင်းကျိုးကျေးရွာတောင်သူ ဦးမောင်လေး၏ ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်(၅)ဧက အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများက ယမန်နေ့က အဆိုပါစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jul 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အတွင်းရှိ Grade 1 မှ Grade 5 အဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်တွင် ရေပြင်အသက်ကယ်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက်၊ ဧရာဝတီမြစ် နေခြည်စျေးမော်တော်ဆိပ်တွင် ယနေ့နံနက်က ရေပြင် အသက်ကယ်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။