တပ်ကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

တပ်ကုန်း ဇူလိုင် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား၊ ကျောင်းသူ (၈၇၀)ဦးအား ဇွန်လ(၃)ရက်က စတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး၊ ဒုတိယအကြိမ်၊ အကြိမ်ပြည့်ထိုးနှံပေးခြင်းဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရုံးခန်းကသိရသည်။

တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၆၇)ကျောင်းရှိပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်၊ အကြိမ်ပြည့်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်