မံစီ ဇူလိုင် ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာမူလတန်းကျောင်း(မောရဝတီ)၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း (မောရဝတီ)၊ အခြေခံပညာ မူလတန်းကျောင်း(မန်ဖွ)နှင့် အခြေခံပညာမူလတန်းကျောင်း(မဒန်ယန်)တို့မှ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံဆောင် ရွက်ပေးခဲ့သည်။
မံစီမြို့နယ်၌ အသက် (၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပညာရေးမှူးရုံးက သတ်မှတ်ထားသည့် ဆေးထိုး စုရပ်များ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာဝန်ယူထိုးနှံ ဆောင်ရွက်ပေးလျက်ရှိနေပြီး ပထမအကြိမ်ထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄၇၂)ဦးကို ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါတွင် ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ထပ်မံထိုးနှံဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပထမအကြိမ်၌ အကြာင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိခဲ့သူများကိုလည်း ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိနေကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)