ကျောက်တန်းမြို့နယ်တွင် ဂန္ဓမာပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကျောက်တန်း ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာတွင် ဂန္ဓာမာပန်းများ အောင်မြင်ဖြစ်ထွန်းပြီး နှုတ်ယူရောင်းချရသောကြောင့် မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါဂန္ဓမာပန်းများကို ပျိုးထောင်ထားရှိပြီး (၁၅)ရက်အကြာ မြေပေါ်တွင်ချ၍စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး(၁)လအတွင်း စတင်ရောင်းချနိုင်ကြောင်း၊ အပင်သေး၁ပင်ကို(၁၀၀)ကျပ်နှင့် အပင်ကြီး(၁)ပင်ကို (၂၀၀)ကျပ် ရောင်းချရကြောင်း တစ်နှစ်ပတ်လုံးရောင်းချနိုင်၍ မိသားစုအပိုဝင်ငွေ ရရှိပါကြောင်း ပါဒကြီး စံပြကျေးရွာ ဂန္ဓမာစိုက်ပျိုးတောင်သူ  ဦးအေးငွေထံမှ သိရှိရပါသည်၊၊

ဂန္ဓမာပန်းများကို ပန်းဒိုင်များကို ရောင်းချသည့်အပြင် အနီးအနားမှ တစ်နိုင်ဝယ်ယူခြင်းများကိုလည်း ရောင်းချပေးကြောင်း စိုက်ပျိုးမြေဧက ၁ ဧကတွင် စိုက်ပျိုးရောင်းချနေကြောင်း သိရှိရပါသည်။

မြို့နယ် ပြန်/ဆက်