အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရန်ကုန် ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်၊ စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်နှင့် စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

စာအုပ်များ ငှားရမ်းပေးရာတွင် ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး အသစ်ပြန်လည်ငှားရမ်းပေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ပြည်သူများစာပေကို ဖတ်ရှုနိုင်စေရန်အတွက် အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်များကို အလှည့်ကျသွားရောက် ငှားရမ်းပေးနေခြင်းဖြစ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများစွာ ရရှိစေရန်အတွက် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)