သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များ စနစ်တကျ ဖြင့် စိစစ်‌ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး
Aug 31,2022
ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင် မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်
Aug 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁/၃ ဒသမ ၅၂မိုင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းကျော် ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ
Aug 31,2022
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် စက်တင်ဘာ ၁၃ ရက်နေ့တွင်ကျရောက်မည့်  မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန့်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်အတွင်း၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်‌ရေးနှင့် စီမံကိန်းလျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ Gender/CEDAW/NSPAW နှင့် UNSCR 1325 သင်တန်းဖွင့်လှစ်
Aug 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မရေးရာကဏ္ဍများ (Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW)နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅(UNSCR 1325)ဆိုင်ရာ အချက်များကို မြို့နယ်အတွင်းရှိ ပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအနေဖြင့် သိရှိနိုင်စေရန်အတွက် အဆိုပါသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့၌ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချပေး
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်((၂)ရပ်ကွက်၊ စားသုံးသူရေးရာဦးစီး ဌာနရုံး၌ ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ် နှုန်းဖြင့် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က စတင်ရောင်းချပေးလျက်ရှိ‌သည်။
ချောင်းဆုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွယ်၌ မျိုးစပါးမျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းသရုပ်ပြပွဲဆောင်ရွက်
Aug 31,2022
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများ ဘက်စုံအဆင့်မြှင့် နည်းပညာသုံပြီးအတွက် နှုန်းမြင့်မားကာ အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်မျိုးစေ့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် (RS to CS-SGA) ပေါ်ဆန်းရင် မျိုးစေ့ထုတ်စိုက်ခင်း (၃၂)ဧက စိုက်ပျိုးထားသည့် ကော့ကဒိုက်ကျေးရွာရှိ
မိုးညှင်းမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးပြီးဖြစ်
Aug 31,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ များကို မေလ (၁၆)ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ချေးငွေကျပ် (၃၂၄၃၄၅၀၀၀၀) ကို ထုတ်ချေးပေးနိုင်ခဲ့သည်။