သတင်းများ

ပင်လောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းပြုလုပ်
Aug 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်  ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ညောင်ဦးမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသော ခွေးတောက်ပြုတ်ကျေးရွာသို့ သောက်သုံးရေဂါလန် ၃၂၀၀ လှူဒါန်းပြီး အနန္တမေတ္တာ သောက်ရေကန်အား ဘက်စုံပြုပြင် နိုင်ရေးစစ်ဆေး
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် သောက်သုံးရေလို အပ်နေသော တောင်ဇင်းအုပ်စု၊ ခွေးတောက်ပြုတ်ကျေးရွာသို့ ယမန်နေ့နေ့ခင်း ၁ နာရီခွဲအချိန်က သောက်သုံးရေဂါလန် ၃၂၀၀ လှူဒါန်းပြီး ကျေးရွာ ၉ ရွာကျော်အသုံးပြုသည့် အနန္တမေတ္တာရေကန်တော်ကြီးအား ဘက်စုံပြုပြင်နိုင်ရေးကွင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကသာမြို့နယ် အ.ထ.က(၃)ကျောင်းတွင် လူကုန်ကူးမှုအထိမ်းအမှတ် စာစီစာကုံး၊ပြိုင်ပွဲ ပြုလုပ်ကျင်းပ
Aug 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အ.ထ.က(၃)ကျောင်း၌ ဩဂုတ်လ ၃၀ ရက်နေ့တွင် မြို့နယ်အဆင့် လူကုန်ကူးမှုအထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် (၁၀)နာရီအချိန်က အထက်တန်း/ အလယ်တန်း အဆင့်အလိုက် စာစီစာကုံးပြိုင်ပွဲကို သက်ဆိုင်ရာ စာသင်ခန်းများအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) အစည်းအဝေးတက်ရောက်
Aug 31,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဥပဒေ ချုပ်ရုံး၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၊ မြိုင်ကြီးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Aug 31,2022
ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု ၊ မြိုင်ကြီးကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် မိုးစပါးအထွက်နှုန်း တိုးတတ်မြှင့်မားရေးညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးတတ်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂:၃၀ အချိန်ကပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်၌ တောင်သူများအားသွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲကျင်းပ
Aug 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီနေကြာမျိုးစေ့ထုတ်တောင်သူနှင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ ဘန်းယဉ်မျိုးသန့်ခြံ၌ ကျင်းပသည်။
ပင်လောင်းမြို့၌ အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပပြုလုပ်သည့် အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အထက(၁) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။