သတင်းများ

မိုင်းခုတ်မြို့၊ မီးသတ်ဦးစီးဌာနနှင့် နောင်တုံကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး
Aug 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များလှည့် လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကမီးသတ်ဦးစီးဌာနရုံးနှင့် နောင်တုံကျေးရွာအတွင်း လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Aug 31,2022
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ ယမန်နေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ လကုန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်များ ပေးအပ်
Aug 30,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်ပေးအပ်ပွဲကို ယနေ့နေ့လယ် နှစ်နာရီက သစ်တောဦးစီးဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 30,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Aug 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့်
(၂၃)ကြိမ်မြောက် မြန်မာ့ရိုရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခရိုင်မှ ပြိုင်ပွဲဝင်များ၏ ဝတ်စုံပြည့်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Aug 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကျင်းပမည့် တိုင်းဒေသကြီးအဆင့် ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခရိုင်မှ ပြိုင်ပွဲဝင်များ၏ ဝတ်စုံပြည့်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့‌တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကြည်အေးက အဖွင့်အမှာစကား ပြောကြားသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်
Aug 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက သုံးခွရပ်ကွက် ထွန်းတောက်လင်းမူကြိုကျောင်းတွင် ဆောင်ရွက်ခဲ့သည်။