သတင်းများ

စလင်းမြို့နယ်တွင် ကျေးလက်ဒေသအမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးစီမံချက် ဆင်ကျုံးကျေးရွာအုပ်စု ရှမ်းရွာကုန်းကျေးရွာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 31,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ကျုံးကျေးရွာအုပ်စု ရှမ်းရွာကုန်းကျေးရွာ ရွာလည်ဘုရား တန်ဆောင်းအတွင်း၌ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်၍ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသူများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 31,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က အမှတ်( ၁၀) ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျောင်းသူများ၏ ဘဝဖွံဖြိုးတိုးတတ်ရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။
လွိုင်လင်မြို့၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ကျင်းပ
Aug 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လွိုင်လင်ခရိုင်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက်(၀၉:၃၀)နာရီက ကျင်းပကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ကြည့်ရှုအားပေး
Aug 31,2022
၂၀၂၂ ခုနှစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် လွှတ်တော်ရုံး၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဗျူဟာအခြေချ (ဟားခါး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး သည်။
တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများစားသုံးဆီ ဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ကျေးရွာများအရောက်ရောင်းချပေး
Aug 31,2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် လှည်းကူးမကျေးရွာ ဘုရားဝန်းအတွင်း ဩဂုတ်လ (၂၉) ရက် နေ့လယ် (၃) နာရီခန့်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပွဲကျင်းပ
Aug 31,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများနှင့် မိုးတွင်းကာလစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရသော ဒေသ(၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာများ ထောက်ပံ့
Aug 31,2022
ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တီယန်ဇွပ်ကျေးရွာအုပ်စုနှင့် အင်ဂျစ်ကျေးရွာအုပ်စုများမှ တောင်သူများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးတွင်းကာလစားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ် နေသည့် ဒေသ (၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ(၁)လစာတန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက် (၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။