လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာက အသိပညာပေး Talk Show ကျင်းပပြုလုပ်
Aug 30,2022
ပြည်သူများ၊ လူငယ်လူရွယ်များ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်၊ မုန်တိုင်း၊ မီးဘေး၊ လေဘေး၊ မြေပြိုကျမှု စသည့် သဘာဝဘေးအန္တရာယ်တို့နှင့် ပတ်သက်သော အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉:၃၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။