သတင်းများ

တောင်သာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများနှင့် မိုးတွင်းကာလစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရသော ဒေသ(၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာများ ထောက်ပံ့
Aug 31,2022
ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တီယန်ဇွပ်ကျေးရွာအုပ်စုနှင့် အင်ဂျစ်ကျေးရွာအုပ်စုများမှ တောင်သူများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးတွင်းကာလစားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ် နေသည့် ဒေသ (၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ(၁)လစာတန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက် (၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ငပုတောမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ငရုတ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့များ တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းကို အဖွဲ့ (၂)ဖွဲ့ဖြင့် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ပင်လောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းပြုလုပ်
Aug 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဥပဒေရေးရာဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် လွိုင်ကော်မြို့၌ကျင်းပ
Aug 31,2022
ကယားပြည်နယ် ဥပဒေချုပ်ရုံးမှ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပခဲ့သည်။
ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့်အသက်‌မွေးပညာသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Aug 31,2022
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊
ပျဉ်းမနားမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်
Aug 31,2022
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ်သတ်မှတ်နိုင်ရန်၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းအသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။