ဘိုကလေး ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချ သည့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များသို့ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သန်းဦး၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသည့် ဓာတ်မြေဩဇာများ အချိုးမှန်ကန်မှု ရှိ၊မရှိ၊ အရည်အသွေး မှန်ကန်မှု ရှိ၊ မရှိ၊ တရားမဝင် ပိုးသတ်ဆေးများ ရောင်းချမှု ရှိ၊ မရှိနှင့် အဆိုပါ ကုန်ပစ္စည်းများအား မြန်မာ ဘာသာအညွှန်းဖြင့် ရိုက်နှိပ်ဖော်ပြထားခြင်းများ ရှိ၊ မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်များ နှင့် အညီ ရောင်းဝယ်ဖောက်ကားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)