ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာတွင်စိုက်ပျိုးထားသောတိုင်ထောင်ပဲတောင့်ရှည်များ အောင်မြင်ဖြစ်ထွန်းပြီးနေ့စဉ်ခူးဆွတ်ရောင်းချသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ

ကျောက်ဆည် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ ပဲတီစိမ်း၊ ငရုပ်၊ ငှက်ပျော၊ ဝါ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး မြစ်၊ချောင်းများဘေးရှိ နှုန်းတင်မြေနုများနှင့် ယာမြေအချို့တွင် ပန်းမျိုးစုံ၊ဟင်းသီးဟင်းရွက်၊သီးပင်စားပင်များ စိုက်ပျိုးကြရာ ဇရပ်ဖြူးကျေးရွာတွင် ဦးမြင့်သိန်းကို စိုက်ပျိုးထားသောတိုင်ထောင်ပဲ တောင့်ရှည်များ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

ပဲတောင့်ရှည်သီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့်အတွက် သွင်းအားစုကုန်ကျ စရိတ်သက်သာသော သီးနှံတစ်မျိုးဖြစ်ပြီး ရေကြိုက်နှစ်သက်သည့်အတွက် အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း၊ အပင်အားဆေးနှင့် သဘာဝပိုးနှင်ဆေးများဖျန်းပေးရကြောင်း၊ ပဲတောင့်ရှည် သီးနှံသည် နေ့စဉ်(သို့မဟုတ်)တစ်ရက်ခြားခူးဆွတ်ရောင်းချရသည့် ကုန်စိမ်းသီးနှံဖြစ်ပြီး ရောင်းဈေးအနေဖြင့် အဝယ်ဒိုင်များတွင်သွင်းပါက ပဲတောင့်ရှည်(၁)ပိဿာ (၁၀၀၀)ကျပ်နှင့် လက်လီရောင်းချပါ (၁၃၀၀)ကျပ်ရောင်းချရသည့်အတွက် ပဲတောင့်ရှည်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပဲတောင့်ရှည်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မျှားနီတံဆိပ်ကို အဓိထားစိုက်ပျိုးကြပြီး မျိုး(၂)ထုပ်စိုက် ပျိုးပါ ငွေကျပ်(၁၀၀၀၀၀)ခန့်ကုန်ကျကြောင်းနှင့် စိုက်ပျိုးပြီး (၂)အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ အသီးလှိုင်ချိန်တွင်တစ်ခါခူး ဆွတ်ပါက ပိဿာချိန်(၃၀)ကျော်ခူးဆွတ်ရကြောင်း၊ အပင်အပြုအစုကောင်းပါက ရက်ပေါင်း(၇၅)ရက်အထိ ခူးဆွတ်ရောင်းချရကြောင်း၊ စိုက် ပျိုးရာတွင်အသုံးပြုသည့် တိုင်ထောင်ဝါးများသည် (၄) နှစ်ခန့်အထိ အသုံးပြု၍ရသောကြောင့် တောင်သူများအနေဖြင့်  စိုက်ပျိုးသင့်သော သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရသည်။

သက်မောင်