ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေး

ပုဏ္ဏားကျွန်း သြဂုတ် ၃၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်၊ ဘက်စုံသုံးခန်းမသို့ လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးက ပန်းခင်းစီမံချက်အဆင့်(၂)အရ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရက်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းပြီး၊ အသက် ၁၆ နှစ်ပြည့်သူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စံပြရပ်ကွက်အတွင်းရှိ အသက် ၁၀ နှစ်ပြည့်သူ ၃၅ ဦးနှင့်အသက် ၁၈ နှစ်ပြည့်သူ ၃၆ ဦး၊ စုစုပေါင်း(၇၁)ဦးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရရှိအောင် (အခမဲ့)ပြုလုပ်ပေးခဲ့ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)