ဝက်လက် ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ အမှတ် ၁ ခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့ နံနက် ၉ နာရီ အချိန်က စတင်၍ ၇၅ နှစ်မြောက် အာဇာနည်နေ့ အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကို အာဇာနည်နေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် အလယ်တန်းမှ ကျောင်းသား/ကျောင်းသူ ၁၄ ဦး၊ မူလတန်းမှ ကျောင်းသား/ကျောင်းသူ ၂၂ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ယှဉ်ပြိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသန်းထိုက်စိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်း၏ ပြောကြားချက်အရ သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)