နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနား ကျင်းပ

နတ်မောက် ဇူလိုင်  ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနား ကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/သူများက ကျောင်းကောင်စီ သီချင်းဖြင့် သံပြိုင် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေက ကျောင်းကောင်စီဖွဲ့စည်းရခြင်း အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများက ရွေးချယ်ထားသော ကျောင်းကောင်စီအဖွဲ့ဥက္ကဋ္ဌ၊ အသင်းတာဝန်ခံ ဆရာ/မ(၅)ဦး၊ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူးနှင့် အသင်းခေါင်းဆောင် ကျောင်းသား(၅)ဦးတို့၏ အမည်စာရင်းများကို ဖတ်ကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးက ကျောင်းကောင်စီ အမှုဆောင်အဖွဲ့    အတည်ပြု ဖွဲ့စည်းထားကြောင်း ကြေညာပြီး ကျောင်းကောင်စီအသင်းတာဝန်ခံ အသင်း(၅)သင်း၏ အလံများ အား အသင်းခေါင်းဆောင်များထံ ပေးအပ်ခဲ့ပြီး ကျောင်းကောင်စီကတိသစ္စာ(၄)ချက်ကို ရွတ်ဆို၍ နိုင်ငံတော်  သီချင်းအား စုပေါင်းသံပြိုင် သီဆိုခဲ့ကြကြောင်း သိရသည်။

လှဝင်း