အမျိုးသမီးများကို အကြမ်းဖက်မှုများမှကာကွယ်ပေးသည့်ဥပဒေများ ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်

အမ်း ဇူလိုင် ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့နေ့လယ်(၂)နာရီအချိန်က အမျိုးသမီးများကို အကြမ်းဖက်မှုများမှ ကာကွယ်ပေး သည့် ဥပဒေများခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား၊ ကျောင်းသူ စာဖတ်ပရိသတ်များအား အမျိုးသမီးများကို အကြမ်းဖက်မှုများမှကာကွယ်ပေးသည့် ဥပဒေများခေါင်းစဉ်ဖြင့် ဥပဒေနှင့် ဆန့်ကျင်သော အတင်းအဓမ္မစေခိုင်းခြင်း၊ ညစ်ညမ်းသောစကားဖြင့် ဆဲဆိုခြင်း၊ ညစ်ညမ်းသောပြုလုပ်မှုဖြင့် သီချင်းစကားဆိုခြင်း၊ အမျိုးသမီးတစ်ဦးအား ကာအိန္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက်ကျုးလွန်ခြင်း၊ လက်နက်ကိရိယာ စသည့်ပစ္စည်းတစ်ခုခုဖြင့် နာကျင်အောင်ပြုလုပ်ခြင်း၊ တစ်ဦးတစ်ယောက်အား အပြင်းအထန်နာကျင်စေခြင်း၊ မုဒိမ်းမှု၊ လူခိုးမှု၊ အမျိုးသမီးတို့၏ ကာအိန္ဒြေထိခိုက်အောင်ပြုခြင်း၊ အသရေဖျက်ခြင်း၊ ကာမကိုလိမ်လည်ရယူခြင်း၊ အတင်းအဓမ္မ ထိမ်းမြားပေးစားရန်အတွက် အမျိုးသမီးတစ်ဦးကို ခိုးယူမှု၊ ပြစ်မှုမကင်းသောခြောက်လှန့်မှု စသည့်ဥပဒေများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အားရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက အမျိုးသမီးများကို အကြမ်းဖက်မှုများမှ ကာကွယ်ပေးသည့် ဥပဒေများပါသိရှိလိုသည့် အကြာင်းအရာများအားမေးမြန်းခဲ့ရာ  ဦးစီးအရာရှိက ဦးစန်းဝင်းက ပြန်လည်ဆွေနွေးပြောကြားခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း