မင်းပြား ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ်ကျေးရွာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းက အစားအစာများအား စားသုံးသူများဘေးကင်း လုံခြုံစွာစားသုံးနိုင်စေရန်၊ စားသုံးသူအကာအကွယ်ပြုရေးအတွက် စားသုံးသူနှင့်ထုတ်လုပ်သူအကြား စည်းကမ်းချက်များအား သိရှိနိုင်စေရန်၊ ရက်လွန် စားသောက်ကုန်များအား အသိပေးအမှတ်တံဆိပ်များကို ကြည့်ရှုပြီးမှသာ စားသုံးရန်သင့်မသင့် ရွေးချယ်တတ်စေရန် ကုန်ပစ္စည်းဝယ်ယူရာ၌ စားသုံးသူများနစ်နာမှုမဖြစ်စေရန်၊ စားသုံးအကာ အကွယ်ပြုရေးအတွက် သိသင့်သိထိုက်သောအချက်အလက်များအား အသိပညာပေးဟောပြောသည်။
ဆက်လက်၍ စားသုံးရန်မသင့်သော ကုန်အမှတ်တံဆိပ်ပါကုန်ပစ္စည်းများအား လက်တွေ့နမူနာပြ ရှင်းလင်းပြီး တက်ရောက်လာသောကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စားသုံးသူရေးရာဦးစီးမှူးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
သိန်းနုအောင်